အိမ်ခြံမြေလုပ်ငန်းနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ
အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များအစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ကျင်းပပြုလုပ်သည့်
နှစ်ပတ်လည်အထွေထွေအစည်းအဝေး (AGM– 2026) ကို ၁၈-၁၁-၂၀၂၆ ရက်နေ့၊ ၀၉း၀၀ နာရီအချိန်မှ ၁၂း၃၀ နာရီအချိန်အထိ ရန်ကုန်မြို့၊
ပြည်လမ်းရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ
ဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း
(ဗဟို) မှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနှင့်
ဒုတိယဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းနှင့် ပြည်နယ်ဒေသကြီးများမှ
ဥက္ကဋ္ဌနှင့် အသင်းသားများ၊ ကော်မရှင်ရုံး
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ FIABCI
မှ ပြည်ပဧည့်သည်တော်များနှင့်
ဖိတ်ကြားထားသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်တော်များ စုစုပေါင်း ၁၀၀၀ ဦး ခန့်
တက်ရောက်ခဲ့ပါသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်နှင့် တာဝန်ရှိသူများက အခမ်းအနားကို
စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီးနောက် ဒေါက်တာထူးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းသည် ရေရှည်တည်တံ့ပြီး
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း
အလေးပေးပြောကြားခဲ့ပြီး လူ့အခွင့်အရေး အခြေခံအယူ
အဆအကြောင်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုလက်မှတ်ရေးထိုးထားသည့်
လူ့အခွင့်အရေးဆိုင်ရာ စာချုပ်ကြီး (၄) ခု အနက် စီးပွားရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ပါ
စီးပွားရေးအခွင့်အရေးများအကြောင်းနှင့် အိမ်ခြံမြေလုပ်ငန်းနှင့်
လူ့အခွင့်အရေးစံနှုန်းများ ဆက်နွှယ်ပုံတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ပုံနှိပ်ထုတ်ဝေသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (ပိုစတာ) များ ဖြန့်ဝေခဲ့ပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်