ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခြင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၁၇-၁၁-၂၀၂၆
ရက်နေ့တွင် ကျင်းပသော “ ဗဟုဝင်ရိုး ကမ္ဘာရှိ အမျိုးသား လူ့အခွင့်အရေး
အဖွဲ့အစည်းများ” ခေါင်းစဉ်ဖြင့် (၁၀) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ
သိပ္ပံနှင့်လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဉက္ကဋ္ဌ ဦးသစ်လင်းအုန်း ဦးဆောင်သော ကော်မရှင် ကိုယ်စားလှယ်အဖွဲ့
ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ
ညီလာခံသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင်
ကမ္ဘာ့နိုင်ငံ (၆၀) ကျော်မှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏
ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသော အဖွဲ့များမှ ကိုယ်စားလှယ်များ
ပါဝင်တက်ရောက်ခဲ့ပါသည်။
ညီလာခံ
ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ Mr. Vladimir
Putin က ပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းအား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရုံး အကြီးအကဲက ဖတ်ကြားခဲ့ပါသည်။ ယင်းနောက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီးတို့က ပေးပို့သော ကြိုဆိုနှုတ်ဆက်လွှာများကို သက်ဆိုင်ရာဌာန
အကြီးအကဲများက ဖတ်ကြား ခဲ့ပါသည်။
အဆိုပါ
ညီလာခံ အစီအစဉ် (၁) အဖြစ် “Rights of Citizens Abroad: Mechanisms and Practices of
Cooperation Between Ombudsmen” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစီအစဉ် (၂) အဖြစ် “The Right to Freedom
of Conscience and Cultural Identity: Safeguarding Beliefs, languages and
Traditions” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစီအစဉ် (၃) အဖြစ် “The
Right to Sovereign Development : International Cooperation and Protection
Against External Pressure” ခေါင်းစည်ဖြင့်လည်းကောင်း၊ အစီအစဉ် (၄)
အဖြစ် “The Right to Liberty and Personal Security :Guarantees of Protection
Against Human Trafficking and Modern Forms of Slavery” ခေါင်းစဉ်ဖြင့်လည်းကောင်း
အပိုင်း(၄) ပိုင်းခွဲ၍ ပညာရှင် ဆွေးနွေးပွဲ (Panel Discussion ) ပုံစံဖြင့် ဆွေးနွေးခဲ့ကြပါသည်။
ကော်မရှင်
ဉက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ၏ အစီအစဉ် (၂) နှင့် အစီအစဉ် (၃)
တို့တွင် ပါဝက်တက်ရောက်ခဲ့ပြီး ကော်မရှင် ဉက္ကဋ္ဌက သက်ဆိုင်ရာ ဘာသာရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက်
“The
Moscow Principles : Common Approaches to Human Rights Protection” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး The Moscow Principle
(မူကြမ်း) နှင့် စပ်လျဉ်း၍ ပိုမိုခိုင်မာကောင်းမွန်သော အခြေခံမူများဖြစ်စေရေးအတွက်
ဆက်လက်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားကြရန် ညီလာခံသို့ ပါဝင်တက်ရောက်ကြသော
ကိုယ်စားလှယ်များက သဘောတူညီ မှုပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်