ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပိုစတာပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း

  • News

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပိုစတာပြိုင်ပွဲကို ပြိုင်ပွဲခေါင်းစဉ် “လူ့အခွင့်အရေး ရပ်တည်ပေး” (Stand Up for Human Rights) ​အောက်မှ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပန်းချီနှင့် Graphic Design များဖြင့် ၁၅-၁၁-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ ​ပေးပို့ယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။  ပြိုင်ပွဲဝင်စည်းကမ်းများနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဖုန်း ၀၁-၆၅၄၆၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါ သည်။

ပြိုင်ပွဲကျင်းပရေး၊ မှတ်တမ်းနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ

Recent News