ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (မြန်မာဘာသာပြန်) ထုတ်ဝေဖြန့်ချိသည့် အခမ်းအနား ကျင်းပ

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ကုသမဂ္ဂမှ ထုတ်ဝေသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights ) ကို မြန်မာဘာသာသို့ပြန်ဆိုပြီး အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် စတင်ဖြန့်ချိသည့် မိတ်ဆက်ပွဲ အခမ်းအနားကို (၁၈-၆-၂၀၁၃) ရက်နေ့ နံနက် (၁၀)နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက အမှာစကား ပြောကြားပြီး တက်ရောက်လာသူများအား (Universal Declaration of Human Rights) (မြန်မာဘာသာပြန်) စာအုပ်များဖြန့်ဝေပေးအပ်သည်။

အဆိုပါ ဘာသာပြန်ထားသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့များသို့လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည်။

အခမ်းအနား သို့သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှကိုယ်စားလှယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စုံစုံလင်လင် တက်ရောက်ခဲ့ကြသည်။