ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ နိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈) အစည်းအဝေး ကျင်းပခြင်း

  • News

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈) အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ (သောကြာနေ့)၊ နေ့လယ် ၁၄:၀၀နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီအဖွဲ့ခေါင်းဆောင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ယခင်လုပ်ငန်း ကော်မတီ အစည်းအဝေး (၁/၂၀၁၈) ၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအား တင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက အခမ်းအနား ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ ယခင်လုပ်ငန်းအဖွဲ့ဖွဲ့စည်းထားရှိမှုနှင့်  တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Recent News