ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

  • News

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ၏နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးအား ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ (အင်္ဂါနေ့)၊ နံနက်၁၀:၀၀နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီ အဖွဲ့ခေါင်းဆောင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ယခင်လုပ်ငန်း ကော်မတီအစည်းအဝေး (၂ /၂၀၁၈) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအား တင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အခမ်းအနားကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် (၂/၂၀၁၈) အပေါ် ဆပ်ကော်မတီအသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အလှည့်ကျရှင်းလင်း တင်ပြခဲ့ကြ ပါသည်။

Recent News