ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (ကချင်/ မွန်/ ရှမ်း) ဘာသာဖြင့် စတင်မိတ်ဆက် ဖြန့်ချိ ခြင်း အခမ်းအနားကျင်းပ
မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်
စောင့်ရှောက် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ
ဆွီဒင်နိုင်ငံ အခြေ စိုက် Raoul
Wallenberg Institute of Human Rights and Humanitarian Law (RWI) ၏
ပူးပေါင်းကူညီမှု၊ ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် (Sida) ၏ ပံ့ပိုးမှုတို့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂ က အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထုတ်ဝေထားသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal
Declaration of Human Rights – UDHR) ကို မြန်မာဘာသာဖြင့် ၁၈-၆-၂၀၁၃
ရက်နေ့တွင် ပြန်ဆိုဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ
စာတမ်းကို ကချင်၊ မွန်၊ ရှမ်းတိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပြီး
စတင်ဖြန့်ချိသည့် မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ နံနက်
(၁၀:၀၀)နာရီက ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်
အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊
အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့က သက်ဆိုင်ရာ
တိုင်းရင်းသား စာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီများမှ တာဝန်ရှိသူများထံသို့
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (ကချင်၊ မွန်၊ ရှမ်း)
တိုင်းရင်းသားဘာသာစာအုပ်များကို ပေးအပ်ခဲ့သည်။
အခမ်းအနားသို့
ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့်
သတင်းမီဒီယာများ စုစုပေါင်း ( ၄၀ ) ဦး တက်ရောက်ကြကြောင်း သတင်း ရရှိသည်။


