ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ပါဝင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် သွားရောက်တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Recent News