တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက ရှင်းလင်းတင်ပြခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းသည် ၃-၁၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့သို့ တက်ရောက်ပြီး ကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဘာသာရပ်အလိုက် တာဝန်ခွဲဝေဆောင်ရွက်ခြင်း၊ ကော်မရှင်ရုံးနှင့် ရုံးခွဲများဖွင့်လှစ်ဆောင်ရွက်ထားရှိခြင်း၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပေးရေးအတွက် ဟောပြောပွဲများပြုလုပ်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများပို့ချခြင်း၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ တိုင်တန်းချက်လက်ခံဆောင်ရွက်ပေးခြင်း၊ တိုင်ကြားစာအရ ကွင်းဆင်းဆောင်ရွက်ခြင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးအချုပ်ခန်း၊ ဘိုးဘွားရိပ်သာနှင့် လူငယ်သင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေးခဲ့ခြင်း အခြေအနေများနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကော်မရှင်က ပြည်တွင်းလေ့လာသူအဖြစ် စောင့်ကြည့်လေ့လာခဲ့ခြင်းများကို တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News