ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်များမှ တွေ့ဆုံခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်​စိုးတို့ ဦးဆောင်သောအဖွဲ့သည် ဘားအံ အကျဉ်း​ထောင်၊ မာလာဖူးကုန်ထုတ်စခန်း၊ လက္ခဏစိုက်ပျိုးမွေးမြူရေးစခန်း၊ ဘားအံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ၂၀-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်း၌ ကရင်​ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍ ကရင်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပွားသည့်နေရာများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးမှုအခြေအနေ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

                                                                                                                                             မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News