ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် လှိုင်းဘွဲ့မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ နှင့် ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ လှိုင်းဘွဲ့မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ( ၂၂၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

    အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ရီဝါလ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း ( ၂၀၂) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများအကြောင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။

Recent News