ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကော်မရှင်မှ တွေ့ဆုံခြင်း (၂၈-၁၁-၂၀၂၃)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ၂၈-၁၁-၂၀၂၃ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။ အသင်းချုပ်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြဟန်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရဲမြင့်မောင်နှင့် တွဲဖက်စာရင်းစစ် ဦးအောင်ကြည်စိုးတို့ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံတွင် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်၏ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ကော်မရှင်၏ Operational Plan ပါ ကိစ္စရပ်များနှင့်  စီးပွားရေးနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အသင်းချုပ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင်မှ ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊       ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ကော်မရှင်မှ ဘာသာပြန်ဆိုထုတ်ဝေသည့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News