ကုလသမဂ္ဂ အဖွဲ့နိုင်ငံအားလုံးအတွက် အလှည့်ကျ ပုံမှန်သုံးသပ်စစ်ဆေးခြင်းဆိုင်ရာ အစီရင်ခံစာ (UPR) နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

  • News

    ကုလသမဂ္ဂ အဖွဲ့နိုင်ငံအားလုံးအတွက် အလှည့်ကျ ပုံမှန် သုံးသပ်စစ်ဆေးခြင်းဆိုင်ရာ အစီရင်ခံစာ (UPR) နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို The Lutheran World Federation ၏အစီအစဉ်ဖြင့် ရန်ကုန်မြို့ Summit Park View Hotel ၌ ယနေ့နံနက် ၉ နာရီအချိန်မှ နေ့လည် ၁၂ နာရီအထိ ကျင်းပရာ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Mr David H. Mueller က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေက UPR တွင် ကော်မရှင်၏ ပါဝင်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် The Lutheran World Federation ၏ အစီရင်ခံစာပါ အချက်အလက်များကို စုပေါင်းဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Recent News