ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် တည်ရှိသော အကျဉ်းထောင်နှင့် အချုပ်ခန်းများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်ပါလျက် ၆-၁၀-၂၀၁၅ ရက်နေ့မှ ၁၀-၁၀-၂၀၁၅ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နှင့် မြိတ်မြို့တို့တွင် တည်ရှိသော အကျဉ်းထောင်နှင့် အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး၍ စစ်ဆေးတွေ့ရှိ ချက်များ နှင့် အကြံပြုတိုက်တွန်းချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ Website ဖြစ်သော www.mnhrc.org.mm တွင်လည်း သတင်းထုတ်ပြန်ချက်အမှတ် (၁၄/၂၀၁၅) ကို ဖော်ပြခဲ့ပါသည်။

အလားတူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ မတ်လအ တွင်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ ဧပြီလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များတွင် တည်ရှိသော အကျဉ်းထောင်နှင့် အချုပ်ခန်းများကိုလည်းကောင်း၊ မေလအတွင်း ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ အကျဉ်းထောင် ကိုလည်းကောင်း၊ ဇူလိုင်လအတွင်း မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ ဗဟိုအကျဉ်းထောင်၊ ပုသိမ်ကြီးမြို့ ကျောက်ထုတ်အလုပ်စခန်းများနှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်များအတွင်း တည်ရှိသော အကျဉ်းထောင်နှင့် အလုပ်စခန်း များကိုလည်းကောင်း၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ဗဟိုအကျဉ်းထောင် ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Recent News