ကော်မရှင်နှင့် Good Neighbors International (GNI) တို့အကြား လက်မှတ်ရေးထိုး

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Good Neighbors International (GNI) တို့အကြား  လူ့အခွင့်အရေးမြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် Child Rights Poster ထုတ်ဝေခြင်း၊ UDHR Documentary Video ရိုက်ကူးဖြန့်​ဝေခြင်းနှင့် ​​ကော်မရှင်ရုံးဝန်ထမ်းများအား Puppet Show Training ​ပေးခြင်းလုပ်ငန်းများတို့ကို ​ပူးတွဲဆောင်ရွက်သွားမည့်  Letter of Cooperation, LOC လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးရှိ Conference Room တွင်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုယ်စား လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဒေါက်တာခိုင်ခိုင်ဝင်း (ညွှန်ကြားရေးမှူး)နှင့်  Good Neighbors International (GNI) မှ Country Director Mr. Eun Chang Jang တို့မှ လက်မှတ်​​ရေးထိုးကြပါသည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ၊ အဖွဲ့ဝင် ဦးခင်မောင်လေး၊ အဖွဲ့ဝင် ဦးညွန့်တင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် Good Neighbors International (GNI) မှ Country Director Mr. Eun Chang Jang Program Manager ဒေါ်အေးနုအောင် ၊  Sponership Manager  Mr. Honest Tar Mao တို့ တက်ရောက်ခဲ့ကြပါသည်။

Recent News