ကော်မရှင်ရုံးအတွင်း မီးဘေးအန္တရာယ် လုံခြုံရေးနှင့် ပညာပေးသရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခြင်း (ရန်ကုန်၊ ၁၂ ဇန်နဝါရီ ၂၀၂၄)

  • News

၁။      ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုး ဦးဆောင်သောအဖွဲ့သည် ၁၂-၁-၂၀၂၄ ရက်နေ့ (၀၉း၀၀) နာရီအချိန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အဆောက်အဦများတွင် တပ်ဆင်ထားသည့် မီးကြိုးသွယ်တန်းထားရှိမှုများ၊ အဆောက်အဦများအတွင်း မီးဘေးအန္တရာယ်အတွက် အရေးပေါ်ထွက်ပေါက်များရှိ/မရှိ စစ်ဆေးခြင်း၊ အမျိုးသမီး အဆောင်နှင့် အမျိုးသားအဆောင်များ၏ စားချက်ဆောင်များတွင် မီးကြိုးများ သွယ်တန်းထားရှိမှု များအား လိုက်လံစစ်ဆေးခဲ့ပါသည်။

၂။       ထို့နောက် (၁၀း၃၀) နာရီအချိန် ကော်မရှင်ရုံး Conference Room တွင် မီးဘေးကြိုတင် ကာကွယ်ရေး ဟောပြောပို့ချမှုများနှင့် လက်တွေ့သရုပ်ပြခြင်းများကို အစီအစဉ်(၂)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ပါသည်။

၃။      အစီအစဉ်အရ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လှိုင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဟိန်းလင်းထက်က ကော်မရှင်ရုံးအတွင်း လိုက်လံစစ်ဆေးမှုများအပေါ် တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မီးသတ် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် တာဝန်များ၊ မီးဘေးအန္တရာယ်နှင့် မီးလောင်မှုများအပေါ် ဖြစ်စဉ်သာဓကများနှင့် ရှင်းလင်းတင်ပြခြင်း၊ မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ သိရှိသင့်သည့်အချက်များ၊ မီး၏အခြေခံသဘောတရားနှင့် အခြေခံမီးငြှိမ်းသတ်နည်း၊ မီးဘေးလုံခြုံရေးအတွက် လူတိုင်းသိရှိလိုက်နာရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနား အစီအစဉ်ဒုတိယပိုင်းအရ ကော်မရှင်ရုံးအဆောက်အဦ အမှတ်(၁)၊ လေဟာပြင်တွင် မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကော်မရှင်ရုံးဝန်ထမ်းများက ကိုယ်တိုင် မီးငြှိမ်းသတ်ခြင်း ပညာပေးလေ့ကျင့်မှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News