ကော်မရှင်ရုံး အရာထမ်း/အမှုထမ်းများ၏ ပြည်တွင်းသင်တန်းတက်ရောက်ခဲ့သူများမှ သင်တန်းအတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ
အရာထမ်း/အမှုထမ်းများ၏ ပြည်တွင်း သင်တန်းတက်ရောက်ခဲ့သူများမှ
သင်တန်းအတွေ့အကြုံများ ရှင်းလင်းခြင်း အခမ်းအနားကို ၁၁-၉-၂၀၂၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ
အချိန် ကော်မရှင်ရုံး Conference Room တွင်
ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ရုံး
ဝန်ထမ်းများ အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားစေရန်အတွက်
ကော်မရှင်ရုံးတွင်း သင်တန်းများနှင့် အခြားဝန်ကြီးဌာန အဖွဲ့အစည်းများမှ ပို့ချသည့်
သင်တန်းများအား စေလွှတ် တက်ရောက်စေခဲ့ကြောင်း၊ ကော်မရှင်လုပ်ငန်းစီမံချက် (၂၀၂၆
ခုနှစ်) ပါ ဗဟာဗျူဟာများ အစီအစဉ်တွင်လည်း “ထိရောက်သော လူ့စွမ်းအားအရင်းအမြစ်
စွမ်းရည်မြင့်မားရေး အစီအစဉ် ရေးဆွဲဆောင်ရွက်ရန်” ဟူ၍ပါရှိပါကြောင်း၊
ယခုပြုလုပ်သည့် အခမ်းအနား၏ ရည်ရွယ်ချက်မှာ မိမိတို့ဆည်းပူးခဲ့သော ပညာရပ်များကို
တတ်စွမ်းသမျှစိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့သော ကော်မရှင်ရုံး အရာထမ်း/အမှုထမ်းများ၏ အသိပညာများကို တစ်ဦးတစ်ယောက်တည်း သိရှိတတ်ကျွမ်းစေရုံသာမက
ကော်မရှင်ရုံး အရာထမ်း/အမှုထမ်းများအားလုံး သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
အခမ်းအနားအစီအစဉ်အရ
သင်တန်းတက်ရောက်ခဲ့သည့် ဦးစီးအရာရှိ ဒေါ်မြဖူးငုံက “Advanced
Networking” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဦးကြည်စိုးနှင့်
ဒုတိယလူ့အခွင့် အရေးဦးစီးမှူး ဦးဇော်အောင်တို့က “ပိုမိုကောင်းမွန်သော
သတင်းရေးသားနည်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊
ဒုတိယလူ့အခွင့်အရေးဦးစီးမှူး ဦးသန့်နေဆုက “Data Analysis and Visualization
with python” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းခဲ့ကြပြီး
အခမ်းအနားကို ၁၁း၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့
ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အရာထမ်း/ အမှုထမ်း (၈၁) ဦးတက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်