ကော်မရှင်အဖွဲ့ဝင်များ အမျိုးသားစုံစမ်းရေးလုပ်ငန်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲတက်ရောက်ခြင်း

  • News

    ရာအူလ်းဝါလင်းဘတ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တက္ကသိုလ်နှင့် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်တို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဆွေ၊ ဒေါက်တာ မြင့်ကြည်နှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ရက်နေ့ထိ ကျင်းပသည့် အမျိုးသားစုံစမ်းရေး လုပ်ငန်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

    အဆင့်မြင့် ဆွေးနွေးပွဲတွင် အမျိုးသားစုံစမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကော်မရှင် များမှ ကိုယ်စားလှယ်များနှင့် အမျိုးသားစုံစမ်းရေးလုပ်ငန်း လက်ရှိဆောင်ရွက်ဆဲ ကော်မရှင်မှ ကိုယ်စားလှယ်က အမျိုးသားစုံစမ်းရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ အပါအဝင် ၎င်းတို့၏အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။

Recent News