ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရှမ်းပြည်နယ်ရှိ ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ ကျိုင်းတုံဘိုးဘွားရိပ်သာ၊ တာချီလိတ်ဘိုးဘွားရိပ်သာနှင့် ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊
ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ
ကျိုင်းတုံဘိုးဘွားရိပ်သာအား ၁၄-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံအကျဉ်းထောင်အား ၁၅-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊
တာချီလိတ်မြို့ရှိ တာချီလိတ် အချုပ်ထောင်အား ၁၆-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်အား
၁၇-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာအား
၁၈-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်၊
တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်တို့အား ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊
အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံကာ
အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော
နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသော
သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်
ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း
ပညာသင်ကြားပေးမှုအခြေအနေ၊ စာရိတ္တပြုပြင်ပြောင်းလဲပေးမှုအခြေအနေ၊ စာကြည့်တိုက် သုံးစွဲမှု
အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများစုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သောအသုံးအဆောင်
ပစ္စည်းများရရှိမှုအခြေအနေ၊ ညှဉ်းပန်းနှိပ်စက်ခံရမှု
ရှိ မရှိ အခြေအနေနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ မရှိ အခြေအနေစသည်တို့ကို
ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/အကျဉ်းသူ၊
အချုပ်သား/အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။
၃။ ကျိုင်းတုံအကျဉ်းထောင်၊
တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်တို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊
ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု
ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ
လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်များကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။
၄။ ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာနှင့်
တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာများတွင်
လက်ခံစောင့်ရှောက်ပေးလျက်ရှိသော အဘိုး၊ အဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အစားအစာနှင့်အာဟာရ
ဖြည့်ဆည်း ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော
သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊
ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊
ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဘိုးဘွားများ အနားယူအပန်းဖြေရန်
စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၅။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကျိုင်းတုံမြို့ရှိ ရဲစခန်းအချုပ်ခန်းအား ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ်
ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်ခံရမှု
ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း
စားသောက်ရေးစီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း
မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေတို့အား
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၆။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့
ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်