ကြော်ငြာများထည့်သွင်းနိုင်ရန်ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးအသိပညာပြန့်ပွားရေးနှင့်
ကော်မရှင်၏လှုပ်ရှားဆောင်ရွက်မှုများအား ပြည်သူလူထုအတွင်း ပိုမိုသိရှိလာစေရေး
ရည်ရွယ်လျက် လူ့အခွင့်အရေးမဂ္ဂဇင်းကို ၂၀၁၆ခုနှစ်၊ မေလမှ စတင်၍ လေးလတစ်ကြိမ်
ထုတ်ဝေဖြန့်ချီရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ
မဂ္ဂဇင်းတွင် လူကြီးမင်းတို့၏ ကုမ္ပဏီလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများနှင့်
အထွေထွေ ကြော်ငြာများ ထည့်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ကြော်ငြာခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ကြော်ငြာစာမျက်နှာ
အရွယ်အစား
သင့်ငွေ မှတ်ချက်
၁ ရှေ့ဖုံးအတွင်းစာမျက်နှာ ၇.၂၅ x ၉.၂၅ လက်မ ၁၃၀၀၀ဝိ/- 4 Colors
၂ နောက်ဖုံးအတွင်းစာမျက်နှာ ။ ၁၂၀၀၀ဝိ/- ။
၃ နောက်ဖုံးအပြင်စာမျက်နှာ ။ ၁၅၀၀၀ဝိ/- ။
၄ အတွင်းစာမျက်နှာ (Art Paper) ။ ၉၀၀၀ဝိ/- ။
၅ အတွင်းစာမျက်နှာ(Wood free) ။ ၇၀၀၀ဝိ/- ။
ကြော်ငြာထည့်သွင်းလိုပါက
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး ဖုန်း ၉၅-၁-၆၅၄၆၈၁၊ Fax : ၉၅-၁-၆၅၄၆၇၃ တို့သို့ ဆက်သွယ်နိုင်ပါသည်။
မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ