စစ်ဦးစီးတက္ကသိုလ်(ကလော)တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် စစ်ဦးစီးတက္ကသိုလ်(ကလော)တွင် ဖွင့်လှစ်လျက်ရှိသော စစ်ဦးစီးတက္ကသိုလ်သင်တန်း၊ အမှတ်စဉ် (၆၉) ၌ ၁၇-၂-၂၀၂၂ ရက်နေ့ နံနက် ၀၇:၄၀ နာရီမှ ၁၀:၄၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၏ လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကိုသင်ကြားပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသားအရာရှိ (၁၉၆)ဦး တက်ရောက်ခဲ့ကြပြီးတက်‌ ရောက်လာသော သင်တန်းသား အရာရှိကြီးများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းရာ ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်