စစ်ဦးစီးတက္ကသိုလ်(ကလော)တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်၀င်းသည် စစ်ဦးစီးတက္ကသိုလ် (ကလော) တွင် ဖွင့်လှစ်လျက်ရှိသော စစ်ဦးစီးတက္ကသိုလ်သင်တန်း၊ အမှတ်စဉ် (၇၀) ၌ ၁၅-၂-၂၀၂၂ ရက်နေ့ ၀၇:၄၀ နာရီအချိန်မှ ၀၉:၀၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၏ ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသားအရာရှိ စုစုပေါင်း (၂၇၆) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားအရာရှိကြီးများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

                                                                                                                                                                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News