စစ်ဦးစီးတက္ကသိုလ် (ကလော) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေး အတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊
ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည်
စစ်ဦးစီးတက္ကသိုလ် (ကလော) တွင် ဖွင့်လှစ်လျက်ရှိသော စစ်ဦးစီးတက္ကသိုလ်သင်တန်း၊
အမှတ်စဉ် (၇၂) ၌ ၃၁-၁-၂၀၂၅ ရက်နေ့၊ ၁၁:၄၀ နာရီအချိန်မှ ၁၅:၅၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ
သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်
ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊
ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊
ကုလသမဂ္ဂလူ့အခွင့် အရေးယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏လူ့အခွင့်အရေး အခြေအနေများကို
ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသားအရာရှိကြီး
(၁၇၅) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသား အရာရှိကြီးများမှ သိရှိလိုသည့်
မေးခွန်းများ မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင်
ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့က
ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်