စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၆-၁၁-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ
၂၂ အရ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့်
ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို
ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊
ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း
(တောင်ငူ) တွင် ဖွင့်လှစ်လျက်ရှိသော
ဥပဒေဘာသာရပ် (အထူး) သင်တန်းအမှတ်စဥ် (၅) သို့ ၆-၁၁-၂၀၂၆ ရက်နေ့တွင် ၁၃း၀၀ နာရီအချိန်မှ ၁၅း၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးစံတန်ဖိုးများ
ဘာသာရပ်သင်ခန်းစာအား သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၁၂ ဦး၊
သင်တန်းသူ ၆ ဦး စုစုပေါင်း သင်တန်းသား ၁၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို
မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးက
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်