စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း (တောင်ငူ) တွင် ဖွင့်လှစ် လျက်ရှိသော ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သို့ ၂၃-၆-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၅:၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည်တို့ကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

Recent News