စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင် သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း (တောင်ငူ) တွင် ဖွင့်လှစ်လျက်ရှိသော စုံစမ်းရေးမှူးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ၌ ၁၉-၁၀-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီ မှ ၁၅:၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက် ပို့ချခဲ့ပါသည်။ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည်တို့ကို ပို့ချခဲ့ပါ သည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၃၁) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည် ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News