ဆောင်ရွက်ချက်အမှတ်စဉ် (၁/၂၀၁၆/ကာကွယ်)

  • News

၁။    လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး (၂၅ – ၆ -၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သော  တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်မှ အလောင်း ၇ လောင်း ရရှိခဲ့ကြောင်းကို ၂-၇-၂၀၁၆ ရက်နေ့ထုတ် မြဝတီနေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရှိခဲ့ရပါသည်။

၂။    သို့သော် အထက်ပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြချက်များနှင့် ကွဲလွဲမှုများရှိနေသဖြင့် အဖြစ်မှန်အား ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖော်ထုတ်သင့်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ ၅-၇-၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုစာ ပေးပို့ခဲ့ပါသည်။

၃။    ယင်းအကြံပြုချက် ပေးပို့ပြီးနောက် ၂၀-၇-၂၀၁၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအား မိုင်းယော်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခြင်းနှင့် သတင်းထောက်များ၏မေးခွန်းများကို ​ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Recent News