ဆောင်ရွက်ချက်အမှတ်စဉ် (၂/၂၀၁၆/ကာကွယ်)

  • News

၁။      ၂၀-၁-၂၀၁၅ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကချင် လူမျိုးဆရာမ (၂) ဦးသေဆုံးမှုနှင့် ပတ်သက်၍ အဖြစ်မှန်အား စုံစမ်းဖော်ထုတ်ပေးရန် နှင့် တိုးတက်မှုအခြေအနေများ ပြန်ကြားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၈-၁-၂၀၁၅၊ ၂၃-၃-၂၀၁၅ နှင့် ၁၅-၅-၂၀၁၅ရက်နေ့များတွင် အကြောင်းကြားခဲ့ပါသည်။

၂။       ပြည်ထဲရေးဝန်ကြီးဌာနကလည်း ၉-၂-၂၀၁၅ နှင့် ၁၇-၄-၂၀၁၅ ရက်နေ့များတွင် အမှုစုံစမ်းဖော်ထုတ်မှုများနှင့်တိုးတက်မှုအခြေအနေများကို ပြန်ကြားခဲ့ပါသည်။

၃။      ထို့ပြင် ယခင်နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်အရ ဤအမှုကို ကွင်းဆင်းစုံစမ်းဆောင်ရွက်နေသော Kachin Baptist Convention (KBC) သို့လည်း ဆောင်ရွက်မှု အခြေအနေများကို ပြန်ကြားပေးရန် ၁၇-၉-၂၀၁၅ရက်နေ့တွင် အကြောင်းကြားခဲ့ရာ KBC မှလည်း ၂၈-၉-၂၀၁၅ ရက်နေ့တွင် မည်သူ့ကိုမှ အမုန်းတရားမရှိဘဲ အမှန်တရား ပေါ်ပေါက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

၄။      သို့သော် ယနေ့အချိန်ထိ အဖြစ်မှန် ဖော်ထုတ်နိုင်ခြင်းမရှိသေးသဖြင့် ၂၁-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဤအမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သတင်းထုတ်ပြန်ခြင်း၊ မသင်္ကာတရားခံများကို တရားစွဲဆိုတင်ပို့ခြင်းနှင့် နယ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးစီရင်ခြင်းတို့ကို  ပြုလုပ်သင့်ပါကြောင်း အကြံပြုစာ ပေးပို့ခဲ့ပါသည်။

 

 

Recent News