ဆောင်ရွက်ချက်အမှတ်စဉ် (၄/၂၀၁၆/ကာကွယ်)
၁။ ၈-၃-၂၀၁၆ ရက်နေ့တွင် ရေးမြို့နယ်၊ မကျည်းချောင်းဝကျေးရွာ၌
ဗိုလ်ကြီးဇော်မျိုးထက်၊ ခလရ (၂၈၀) က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားဦးမိုးနှင့်
ဦးချစ်စိုးတို့ သေဆုံးခဲ့ကြောင်း ဦးဂျင်မီ(ပါ) ၃ ဦး၏တိုင်တန်းချက်အား ၂-၅-၂၀၁၆
ရက်နေ့တွင် ကော်မရှင်မှ လက်ခံရရှိခဲ့ပါသည်။
၂။ ၁၁-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်သည် အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေး
စုံစမ်းစစ်ဆေး၍ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားပေးပါရန် ကာကွယ်ရေးဝန်ကြီးဌာနသို့
အကြောင်းကြားခဲ့ပါသည်။
၃။ ၁၃-၅-၂၀၁၆ ရက်နေ့တွင် တိုင်ကြားသူ ၃ ဦးအနက် ဦးဂျင်မီ၊ ဒါရိုက်တာ၊
လူ့အခွင့် အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ကို ကော်မရှင်ရုံးခန်းတွင်
တွေ့ဆုံ၍ အထောက်အထားများ ရယူခဲ့ပါသည်။
၄။ အဖွဲ့ဝင်ဒေါက်တာဉာဏ်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသူရကျော်တို့သည်
အခင်းဖြစ်ပွားသည့်နေရာသို့ ၁၈-၅-၂၀၁၆ ရက်နေ့မှ ၁၉-၅-၂၀၁၆ ရက်နေ့ထိ သွားရောက်ကြည့်ရှု
စစ်ဆေးခဲ့ပါသည်။
၅။ ၂၃-၅-၂၀၁၆ ရက်နေ့တွင် ဤအမှုကို စစ်တရားရုံးဖြင့် စစ်ဆေးမည်ဟု
သိရှိရသည့်အတွက် ကော်မရှင်ဥပဒေ ပုဒ်မ ၃၇ အရ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု
မပြုတော့ပါကြောင်း၊ စစ်တရား ရုံး၏အရေးယူဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ
သတင်းထုတ်ပြန်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့
အကြောင်းကြားခဲ့ပါသည်။
၆။ ၂၆-၅-၂၀၁၆ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ကြီးဇော်မျိုးထက်(ပါ)
စစ်သည် ၃ ဦးကို ၁၉-၅-၂၀၁၆ ရက်နေ့တွင် အကျဉ်းစစ်တရားရုံးဖြင့်
စစ်ဆေးပြီးဖြစ်ကြောင်း၊ ပြစ်ဒဏ်အတည်ပြုနိုင်ရေး အမှုတွဲကို
ကမ်းရိုးတန်းဒေသစစ်ဌာနချုပ်သို့ ပေးပို့ဆောင်ရွက်ဆဲဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။
၇။ ၇-၇-၂၀၁၆ ရက်နေ့တွင် တိုးတက်မှုအခြေအနေများအား ပြန်ကြားပေးပါရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ထပ်မံညှိနှိုင်းမေတ္တာရပ်ခံခဲ့ပါသည်။
၈။
ကာကွယ်ရေးဝန်ကြီးဌာန၏
(၂-၈-၂၀၁၆) ရက်စွဲပါ ပြန်ကြားစာအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်
ရယူရန်အတွက် (၁၆-၇-၂၀၁၆) ရက်နေ့တွင် စစ်ဥပဒေချုပ်ရုံးသို့ ပေးပို့ဆောင်ရွက်ထားဆဲဖြစ်ပါသည်။