ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု တင်ပြဆွေးနွေးခြင်းအစီအစဉ်ကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ရုံးဝန်ထမ်းများ လူ့အခွင့် အရေးအသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည် ရွယ်လျက် ၂၀၂၂ ခုနှစ်၊ မေလမှ စတင်၍ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးတင်ပြသည့်အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် အဆိုပါအစီအစဉ်ကို  ၂၃-၁၂-၂၀၂၂ ရက်နေ့၊ ၁၃း၀၀ နာရီ အချိန်တွင် ကော်မရှင်ရုံး၊ Conference Room Hybrid Format ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံး (ရုံးချုပ်နှင့် ရုံးခွဲ)များမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ပညာပေး ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ဆွေးနွေးတင်ပြမည့် အကြောင်းအရာနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဦးစီးအရာရှိ ဦးကောင်းခန့်ဇင်က “The role of awareness raising in human rights” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍  ဆွေးနွေးတင်ပြမှုအပေါ် ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ အကြုံပြုဆွေးနွေးကြပြီးနောက် သိရှိလိုသည့် မေးခွန်းများ ကိုမေးမြန်းခဲ့ကြပြီး အခမ်းအနားကို ၁၄း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။