တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာပို့ချ (၂၁-၂-၂၀၂၄)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

     တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၅၅) သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်သည် လူ့အခွင့်အရေးအခြေခံ အယူအဆ များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာစာချုပ်ကြီး (၉) ခု အကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများအား  ၂၁-၂-၂၀၂၄ ရက်နေ့ ၀၇း၄၀ နာရီမှ ၁၀း၄၀ နာရီ အချိန်အထိ  Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စုစုပေါင်း သင်တန်း သားဦးရေ (၅၆) ဦး တက်ရောက်လျက်ရှိပါသည်။

         

                                                          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News