တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)တွင် ဖွင့်လှစ်လျက်ရှိသည့် ခြေလျင် တပ်ရင်းမှူး သင်တန်းနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းများသို့သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

  • News

၁။      တပ်မတော် (ကြည်း/ရေ/လေ) အရာရှိများ လူအခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွား စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်မှ  အဖွဲ့ဝင် ဦးဇော်ဝင်း သည် ၁-၈-၂၀၁၆ရက်နေ့တွင် ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၈၀) အားနေ့လည် ၁၂:၀၀ နာရီမှ ၁၅:၁၀ ချိန်ထိလည်းကောင်း၊ ခြေလျင်တပ်ခွဲမှူး  သင်တန်းအမှတ်စဉ် (၁၉၁) အား နံနက် ၀၇:၄၀နာရီမှ ၁၀:၅၀ ချိန်ထိလည်းကောင်း၊ လူအခွင့်အရေးအယူအဆ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏  အခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များတို့ကို ပို့ချဆွေးနွေးခဲ့ပါသည်။

၂။      သင်တန်းများတွင် အောက်ပါအတိုင်း သင်တန်းသားအရာရှိများ တက်ရောက်ကြပါသည်-

(က)   ခြေလျင် တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၈၀)(၁၉၈) ဦး

( ခ)   ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ်  (၁၉၁) (၃၈၄) ဦး

၃။      သင်တန်းသား အရာရှိများမှ လူအခွင့်အရေးနှင့်ပတ်သက်သည့် သိရှိလိုသည့် မေးခွန်း များကို စိတ်ဝင်စားစွာဖြင့်မေးမြန်းရာ မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

Recent News