တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ခြေလျင်တပ်ခွဲမှူးသင်တန်းများသို့ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့် အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲ ထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက် ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၁၈--၂၀၂၆ ရက်နေ့၌ ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် သင်တန်းသားအရာရှိ ၂၀၀ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသော  ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၁၁၅၊ ၁၁၆) တို့သို့ ၀၇း၄၀ နာရီမှ ၁၀း၄၀ နာရီအချိန်အထိလည်းကောင်း၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် သင်တန်းသားအရာရှိ ၉၄ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၂၃၁) သို့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီအချိန်အထိလည်းကောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင် က လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များစသည့် ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News