တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး၊ ဘုရင့်နောင်) တို့တွင် Video Conferencing System ဖြင့် သင်ခန်းစာပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက   တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၇၇) နှင့် (၇၈) တို့၌ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၂၁၂) ၌ လည်းကောင်း ၁၄--၂၀၂၂ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် တစ်ပြိုင်နက်တည်း  သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ဦးအာကာဟိန်းစိုးတို့က လူ့အခွင့်အရေးအခြေခံ အယူအဆများ အကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများကို အသီးသီးပို့ချခဲ့ပါသည်။  သင်တန်းတွင် ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၇၇) နှင့် (၇၈) တို့၌ သင်တန်းသားဦးရေ (၂၂၉) ဦး နှင့်  ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၂)သင်တန်းသားဦးရေ (၁၂၁) ဦး စုစုပေါင်း သင်တန်းသားဦးရေ (၃၅၀) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ဦးအာကာဟိန်းစိုးတို့က ပြန်လည်ဖြေကြားခဲ့ကြ ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


Recent News