တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် သင်ခန်းစာပို့ချ (၁၃-၉-၂၀၂၃

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ် မြောက်အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိပါသည်။ 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးဦးဇော်လွင်ထူးတို့သည်တပ်မတော်  (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင်ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဥ် (၁၀၇) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၂၁၈) တို့ကို ၁၃--၂၀၂၃ ရက်နေ့ ၁၂:၀၀ နာရီအချိန်မှ ၁၅:၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများကို Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ် သင်ခန်းစာများ အသီးသီး ပို့ချခဲ့ပါသည်။ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)၊ ခြေလျင်တပ်ရင်းမှူး သင်တန်းအမှတ်စဥ် (၁၀၇) ၌ သင်တန်းသားဦးရေ (၆၄) ဦးနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၂၁၈) ၌ သင်တန်းသားဦးရေ (၁၁၈) ဦး စုစုပေါင်း သင်တန်းသားဦး‌ရေ (၁၈၂) ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News