တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့်သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၂) အား ၂၅-၁၀-၂၀၂၂ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာပို့ချခဲ့ ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးဦးအာကာဟိန်းစိုးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်ကြီး () ခု အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၂)  ၌ သင်တန်းသားဦးရေ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News