တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့်သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကော်မရှင်ပုဒ်မ ၂၂ ပါ ပြဌာန်းချက် (က) များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာမြင့်မားလာစေရေးအတွက် သတင်း အချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၄) သို့ ၈--၂၀၂၃ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာ ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း စသည့်ဘာသာရပ် သင်ခန်းစာများအသီးသီး ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၄) ၌ သင်တန်းသားဦးရေ (၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News