တပ်မတော် ( ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့် သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၀၃) ကို ၂၀-၁၂-၂၀၂၂ ရက်နေ့၊ ၀၇:၄၀ နာရီမှ ၁၀:၄၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်ကြီး () ခု အကြောင်းကိုလည်းကောင်း စသည့် ဘာသာရပ် သင်ခန်းစာများအသီးသီး ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၆၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News