တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့် သင်ခန်းစာပို့ချခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၄) ကို ၂၀-၁၂-၂၀၂၂ ရက်နေ့၊ ၀၇:၄၀ နာရီမှ ၁၀:၄၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာ ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းစသည့် ဘာသာရပ် သင်ခန်းစာများအသီးသီး ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News