တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းတွင် Video Conferencing စနစ်ဖြင့် သင်ခန်းစာပို့ချ (ရန်ကုန်၊ နိုဝင်ဘာ)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်၊ ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၆) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်း၊ အမှတ်စဉ် (၂၀၇) တို့တွင် ၃၀-၁၁-၂၀၂၁ ရက်နေ့၊ နံနက် ၀၇:၄၀ နာရီမှ ၁၀:၄၅ နာရီအထိ Video Conferencing ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေးအခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၆) မှ သင်တန်းသားဦးရေ ၃၀ ဦး နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၂၀၇) မှ သင်တန်းသားဦးရေ ၁၂၁ ဦး၊ စုစုပေါင်း ၁၅၁ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့မှ ပြန်လည်ဖြေကြားခဲ့ကြပါသည်။

                                                                                                                                         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News