တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာပို့ချ (ရန်ကုန်၊ မတ် ၁၉ ရက်)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါပြဋ္ဌာန်းချက်များနှင့်အညီအများပြည်သူ၏ လူ့အခွင့်အရေးအသိပညာမြင့်မားလာစေရေး အတွက်သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်သူမြိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၁၀၉၊ ၁၁၀) တို့သို့ ၁၉-၃-၂၀၂၅ ရက်နေ့ ၁၂း၀၀ နာရီမှ ၁၅း၀၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ် သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ် သင်ခန်းစာများ ပို့ချခဲ့ပါသည်။  ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၁၀၉၊ ၁၁၀) ၌ စုစုပေါင်းသင်တန်း သားဦးရေ (၁၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။

                                                                           မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်