တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်ခြင်းအစီအစဉ်အခမ်းအနားတွင် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

  • News

၁။      ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျင်းပပြုလုပ်သော “ တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ ပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်းအစီအစဉ်” ကို ၂၃-၂-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ ပေါက်ကုန်းခန်းမတွင်လည်းကောင်း၊ ၂၄-၂-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျောင်းကြီးကျောင်းတိုက်တွင်လည်းကောင်း ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင် တက်ရောက်ခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၈)ပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာလူ့အခွင့်အရေး စာချုပ်ကြီး (၄)ခုမှ အခွင့်အရေးများ အကြောင်းတို့ကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားတွင် လူမှု ဝန်ထမ်းဦးစီးဌာန၊ အမှတ်(၃)မူးယစ်ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးကြပါသည်။ အခမ်းအနားများသို့ ကရင်တိုင်းရင်းသား (၁၀၀)ဦးခန့်စီ တက်ရောက်ခဲ့ကြပါသည်။

Recent News