တောင်ငူအကျဉ်း‌ထောင်၊ (၄) မိုင်ကုန်ထုတ်စခန်းနှင့် ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦး‌ကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၈-၆-၂၀၂၁ ရက်နေ့နှင့် ၉-၆-၂၀၂၁ ရက်နေ့များတွင် တောင်ငူ အကျဉ်းထောင်၊ (၄) မိုင်ကုန်ထုတ်စခန်းနှင့် တောင်ငူမြို့ပေါ်ရှိ အမှတ် (၁ ၊ ၂ ၊ ၃) မြို့မရဲစခန်းများ၊ ကျွန်းကုန်းနယ်မြေရဲစခန်း၊ မြို့သစ်နယ်မြေရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင်၊ ကုန်ထုတ်စခန်းများအတွင်း ညှဉ်းပန်း နှိပ်စက်မှုရှိ မရှိနှင့် နေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အချုပ်သားများနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များ ကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။      အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အချုပ် သားများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများကိုလည်းကောင်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်ခန်းအတွင်း သန့်ရှင်းရေး၊ မိလ္လာများသန့်ရှင်းရေးနှင့် သောက်သုံးရေ သုံးစွဲရမှုအခြေအနေများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ ပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

                                                                                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News