ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မေတ္တာရပ်ခံ စာများ ပေးပို့ခြင်း

  • News

    ၂၈-၉-၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ရနောင်းမြို့တွင် အသက် (၁၈) နှစ်အရွယ် ကျောင်းသူတစ်ဦးကို သတ်ဖြတ်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံသား၊ ထားဝယ်မြို့ဇာတိ၊ ညီအစ်ကို ၂ ဦးဖြစ်သော မိုးဇင်အောင်၊ အသက် (၁၅) နှစ်နှင့် ကျော်ရဲအောင်၊ အသက် (၁၆) နှစ်တို့ကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၂၀-၁၀-၂၀၁၅ ရက်နေ့၌ ဖမ်းဆီးခဲ့သည်ဟု ကြားသိရသဖြင့် ၎င်းတို့သည် မြန်မာ နိုင်ငံသားများဖြစ်စေကာမူ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများဖြစ်ခြင်း ကြောင့် ထိုင်းနိုင်ငံ တရားဥပဒေ၏ကာကွယ်စောင့်ရှောက်မှုကို ခံယူရရှိရေး၊ လူသားချင်းစာနာ ထောက်ထားသော စိတ်ဖြင့်ပြုမူဆက်ဆံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ပြုရေး၊ စနစ်တကျစုံစမ်းဖော်ထုတ်ရေး၊ အမှန်တကယ်ပြစ်မှု ကျူးလွန်ခြင်း မရှိပါက လွတ်မြောက်ရေး၊ ပြစ်မှု ကျူးလွန်သည်ဆိုပါက အသက် ၁၈ နှစ် မပြည့်သေးသော လူငယ်များ ဖြစ်သည့်အတွက် နိုင်ငံတကာ ကလေး သူငယ်ဥပဒေနှင့်အညီ သက်ညှာစွာတရားစီရင်ရေးတို့အတွက် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန နှင့်ဆက်သွယ်၍ ကူညီဆောင်ရွက်ပေးပါရန် ၂၇-၁၀-၂၀၁၅ နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့လည်းကောင်း မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

Recent News