နားမကြားသောကလေးများကျောင်း(ရန်ကုန်)နှင့် မေရီချက်ပ်မင်း နားမကြားကျောင်းတို့ကိုကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး
နှင့် ဒေါက်တာ သန်းမြင့် တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၉-၁၂-၂၀၂၂ ရက်နေ့တွင် နားမကြားသော ကလေးများကျောင်း(ရန်ကုန်)နှင့်
မေရီချက်ပ်မင်း နားမကြားကျောင်းတို့ကို သွားရောက်
ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
နားမကြားသောကလေးများကျောင်း(ရန်ကုန်)နှင့်
မေရီ ချက်ပ်မင်း နားမကြားကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား စာပေသင်ကြားပေးနေမှု
အခြေအနေ၊
ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ အိပ်ဆောင်များ၊ အစားအစာကျွေးမွေးမှု
အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေရရှိခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့်
အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ကော်မရှင်
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့်
မေရီချက်ပ်မင်း နားမကြားကျောင်းများသို့ ကြည့်ရှုစစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့်
အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့
ပေးပို့သွားမည်ဖြစ်ပါသည်။


