နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သင်ခန်းစာသွားရောက်ပို့ချ (၁၂-၃-၂၀၂၄)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)  ၌  ဖွင့်လှစ်လျက်ရှိသော “အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills-BDS) အမှတ်စဥ် (၄၅/၂၀၂၃)” သို့ ၁၂-၃-၂၀၂၄ ရက်နေ့၊ နံနက် ၀၇း၀၀ နာရီမှ ၀၈း၅၀ နာရီအချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေဘာသာရပ်သင်ခန်းစာတို့ကို သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ကော်မရှင်ဥပဒေပြဋ္ဌာန်းဖြစ်ပေါ်လာပုံနှင့် ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကော်မရှင်၏ လက်တွေ့အကောင်အထည်ဖော်နေမှုများစသည့် ဘာသာရပ်များကို ဆက်စပ်ရှင်းလင်းပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသူ/သား ဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News