နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ည် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) အမှတ်စဉ် (၇/၂၀၂၂) သို့ ၂၃-၉-၂၀၂၂ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၅:၅၀ နာရီ အချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) မှတစ်ဆင့် Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ လူ့အခွင့်အရေးနောက်ခံသမိုင်းအကျဉ်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊  ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ထူထောင်မှု Establishment of NHRIs နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၃၇) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

Recent News