နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာ‌ပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းအမှတ်စဉ် (၂၂)   ၁၀-၈-၂၀၂၃ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီမှ ၁၁း၅၀ နာရီထိ လူ့အခွင့်အရေး အခြေခံအယူအဆ၊ ကမ္ဘာ့လူ့အခွင့်အ‌ရေး ကြေညာစာတမ်း (UDHR) ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးယန္တရားနှင့် လူ့အခွင့်အရေး ကွန်ဗင်း ရှင်းများ၊ ပါရီအခြေခံမူများ (Paris Principles)လူ့အခွင့်အရေး အဖွဲ့အစည်းများ ထူထောင်မှု (Establishment of NHRIs)နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် စသည့် ဘာသာရပ်သင်ခန်းစာများ ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသား အရာရှိကြီး (၉၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပြန်လည်ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

 

 

Recent News