နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရုံး၌ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများတွေ့ဆုံခြင်း
၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်၊
နေ့လည် ၁:၄၀ နာရီချိန်မှ ၂:၂၅ နာရီချိန်ထိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်
နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ ဦးဆောင်သောလေ့လာရေးအဖွဲ့သည်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏
ဖိတ်ကြားချက်အရ ရုံးတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍
အသင်း၏သမိုင်းကြောင်းနှင့်ဖွဲ့စည်းပုံ၊အသင်းမှ နိုင်ငံရေးအကျဉ်းသား၏
အဓိပ္ပါယ်ဖွင့်ဆိုထားရှိမှု၊ လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ သင်တန်းများ
ဖွင့်လှစ်ပို့ချနေမှု၊ နိုင်ငံရေးအကျဉ်းသားများရှိသည့်
အကျဉ်းထောင်များ၏လက်ရှိအခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
၂။ ဆွေးနွေးချက်အရ
လူ့အခွင့်အရေးဆိုင်ရာသင်တန်း၊ စိတ်ပိုင်းဆိုင်ရာပြန်လည် မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများပို့ချမှုတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကျဉ်းထောင်လက်စွဲ ဥပဒေအား
ခေတ်နှင့် အညီပြောင်းလဲပြုပြင်ရေး၊ အကျဉ်းထောင်နှင့်ပတ်သက်၍ Workshop ပြုလုပ်ရေးများအား ညှိနှိုင်းခဲ့ကြပါသည်။