နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁) ကို ၀၈:၀၀ နာရီအချိန်မှ ၁၁:၅၀ နာရီအချိန်ထိ လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၁) ကို ၁၃:၀၀ နာရီအချိန် မှ ၁၅: နာရီအချိန်ထိလည်းကောင်း ၅--၂၀၂ရက်နေ့၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က  လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကို စသည့် ဘာသာရပ်များကို ပို့ချခဲ့ပါသည်။ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁) ၌ သင်တန်းသားဦးရေ (၃၈) ဉီး ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၁) ၌ သင်တန်းသား ဦးရေ (၂၀) ဉီး စုစုပေါင်း သင်တန်းသားဦးရေ (၅၈) ဉီး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News